Welcome to Planet openSUSE

This is a feed aggregator that collects what openSUSE contributors are writing in their respective blogs.

To have your blog added to this aggregator, please read the instructions.


သောကြာ
14 ဇူလိုင်, 2017


face

OpenSUSE Linux ဆိုတာနဲ့ OpenSUSE 12.2, OpenSUSE 12.3, OpenSUSE 13.1, OpenSUSE 13.2, တွေနဲ့ OpenSUSE 42.1 အစရှိသဖြင့် ထွက်ထားတယ်ပေါ့။ ဒါကတော့ OpenSUSE User တိုင်း သိတဲ့ အချက်ပေါ့နော်။ ကျွန်တော်အခုပြောချင်တာကတော့ OpenSUSE 42.1 ကနေ OpenSUSE 42.2 ကို OS Upgrade ဘယ်လိုလုပ်မလဲပေါ့။  Upgrade ဆိုတာမှာလဲ Error ကင်းကင်းရှင်းရှင်းနဲ့ပေါ့။

ဒီလို Upgrade လုပ်ဖို့အတွက် OpenSUSE Version ၂ ခု က successor ဖြစ်ဖို့လိုအပ်ပါတယ်။  ဆိုလိုတာကတော့ဗျာ OpenSUSE 42.2 ကိုရောက်အောင် Upgrade လုပ်မယ်ဆိုနေ ရှိရင်းစွဲ Operating System က OpenSUSE 42.1 ဖြစ်နေဖို့တော့ လိုတာပေါ့။

ကဲစလိုက်ရအောင်ဗျာ။

ပထမဆုံး Upgrade မလုပ်ခင် Operating System ရော Third Party Repository တွေရောမှာပါတဲ့ Packages တိုင်းက Up-to-date ဖြစ်နေဖို့တော့လိုပါတယ်။

KDE သုံးသူဆို ဒီနေရာလေးမှာ ဒီလိုလေး ပေါ်နေဖို့တော့လိုပါတယ်။  မဖြစ်သေးရင်လဲ လုပ်ရတာပေါ့။  ဘယ်လိုလုပ်ရမလဲဆိုတော့ Terminal မှာ sudo zypper update လို့သာ ကစ်လတ်ဗျာ။

ဒုတိယအဆင့်အနေနဲ့ ရှိရင်းစွဲ Repository တွေကို Backup လုပ်ထားဖို့တော့ လိုတာပေါ့နော်။  ဒီလိုဆို Repository တွေကို ဘယ်မှာသိမ်းထားလဲ သိဖို့တော့လိုမှာပေါ့နော်။  ကျွန်တော်က Knowledge Share ရုံလုပ်တဲ့ လူငယ်တစ်ယောက်ဖြစ်တာကြောင့် How to ချည်းသီးသန့် မသွားချင်ပါဘူး။ ဒါကြောင့်နည်းနည်းတော့ အာချောင်ပါရစေ။  Repository ဆိုတော့ဗျာ ဘယ်ထဲသိမ်းမယ်ထင်သလဲ။  OS-Release တွေ User Information တွေ ကိုသိမ်းထားတဲ့ /etc/ မှာ ရှိမှာပေါ့။ /etc/ မှာရော Sub-directory တွေအများကြီးရှိမှာပေါ့။ OpenSUSE မှာ Ubuntu လို apt-get မသုံးသလို CentOS လို yum ကိုလဲမသုံးပါဘူး။ သူသုံးတာက zypper ဆိုတဲ့ command ပါ။

  • Ubuntu က apt-get သုံးလို့ /etc/apt/ ထဲမှာ လိုအပ်တဲ့ repo တွေ ဘာတွေညာတွေ သိမ်းတယ်။
  • yum သုံးတဲ့ CentOS က /etc/yum.repos.d/ မှာ repo တွေသိမ်းတယ်။
  • ဒီတော့ Zypper ဆိုတဲ့ command ကိုသုံးတဲ့ OpenSUSE မှာ ဘယ်မှာသိမ်းမလဲ။ /etc/zypp/ ပေါ့ဗျ။ ရှင်းရှင်းလေးရယ်။

ဒီတော့ cp -Rv /etc/zypp/repos.d /etc/zypp/repos.d.old ဆိုတဲ့ Command လေးနဲ့ Repo လေးကို Backup ထုတ်လိုက်ရအောင်ဗျာ။

တတိယအဆင့်အနေနဲ့ ရှိရင်းစွဲ Third Party Repository တွေကို ခနလောက် ဖြတ်လိုက်ပါမယ်။ မဖြတ်ရင်လဲ ရပါတယ်။  OS version အသစ်မြှင့်တဲ့အခါ မလိုလားအပ်တဲ့ Package တွေ Error တက်တာတို့၊  Conflict ဖြစ်တာတို့ မဖြစ်အောင် Official Repository ကိုပဲ ချန်ခဲ့ဖို့လိုတာပါ။ ကျွန်တော်တို့က OpenSUSE 42.1 ကနေ OpenSUSE 42.2 ကိုမြှင့်ချင်တာဆိုတော့ OpenSUSE 42.2 အတွက် ရည်ရွယ်ထားတဲ့ Official Repo တွေပဲ လိုအပ်ပါတယ်။

URL: http://download.opensuse.org/distribution/leap/42.2/repo/oss/

URL: http://download.opensuse.org/update/leap/42.2/oss/

ဒီတော့ မလိုအပ်တဲ့ Repository တွေကို ဖျက်တာတွေ၊ 42.1 ရဲ့ Official နေရာမှာ 42.2 ရဲ့ Official Repository ကိုပြင်ပေးပါ။ Step By Step ကတော့ ပုံထဲကအတိုင်းပေါ့ဗျာ။ အသေးစိတ်တော့ မပြောတော့ပါဘူး။ Linux ထဲမှာမှ OpenSUSE လို OS မျိုးသုံးဖို့ ရွေးချယ်တယ်ဆိုကတည်းက IT နယ်ပယ်မှာ သက်တမ်းနည်းသူတော့ မဟုတ်လောက်တော့ဘူးလို့တော့ ယူဆမိပါတယ်။

ဒီအဆင့်မှာတော့ Repository အသစ်ကို Edit လုပ်ရပါမယ်။

ဒီအဆင့်ထိရောက်ရင်တော့ ထွေထွေထူးထူးမလိုတော့ပါဘူး။ စိတ်မရှည်တဲ့လူဆို “sudo zypper dup” ဆိုတဲ့ Command နဲ့သာ ဆော်ပလိုက်တော့ဗျာ။

Safe ပိုဖြစ်အောင်ဆိုရင်တော့ “zypper dup --download-only” ဆိုတာလေးအရင် run ပေးစေချင်တယ်။

ဆိုလိုတာက Distro Upgrade လုပ်ပါမယ်ပေါ့။ –download-only ဆိုတာကတော့ Package တွေကို Download တော့အရင်ချထားမယ်ပေါ့။ Cache လုပ်ထားမယ်ပေါ့။ Download ပီးတော့မှ runlevel3 ကနေ Upgrade ကို no-refresh နဲ့ လုပ်တာကတော့ ပို safe ဖြစ်ပါတယ်။

ပို Safe ဖြစ်တာလေးကို ဘယ်လိုလုပ်ရသလဲ။ လက်တွေ့လေး လုပ်ကျရအောင်ပါ။ ပထမဆုံး GUI Mode ကို Restart လုပ်လိုက်ပြီး Login Screen ကနေ Runlevel1 ကို ၀င်ကျရအောင်။

init1 ကနေ init3 ကိုသွားကျရအောင်။ init 3 ကိုသုံးရတာကတော့ Multiple User သုံးရမယ်။ CLI သုံးလို့ရမယ်။ Network Services တွေရမယ်။ init1 ကတော့ single user CLI mode ပေါ့။ init2 ကလဲ network Service တွေကို လက်မခံနိုင်သေးပါဘူး။ ဒါကြောင့် init3 ကိုသုံးရတာပါ။

–no-refresh dup ဆိုတော့ Package တွေ Repo တွေကို Refresh မဟုတ်တော့ပဲ Cache ထဲက Download ချပြီးသားတွေနဲ့သာ Upgrade လုပ်သွားတာကို ဆိုလိုတာပါ။

ဒီအောက်ကပုံကတော့ Upgrade Process အပြီး package အဟောင်းတွေ Remove လုပ်၊ package အသစ်တွေ install လုပ်တာတွေ လုပ်နေတဲ့အဆင့်ပါ။

အားလုံးပီးရင်တော့ halt ဖြစ်ဖြစ်၊ reboot ဖြစ်ဖြစ်၊ init6 ဖြစ်ဖြစ် တစ်ခုခုနဲ့သာ restart ချလိုက်ပါ။

ကဲဒီမှာကြည့်…. ဒန်တန်တန် OpenSUSE Leap 42.2 လေးထွက်လာပြီ။ ငိငိ

ဒီ ကျူတိုလေးမှာ အရေးအသားအရလည်းကောင်း၊ သီအိုရီအရလည်းကောင်း ကျွန်တော်မှတ်ယူထားတာ မှားနေတာများတွေ့ရှိခဲ့ရင် ထောက်ပြဝေဖန်ပေးခြင်းဖြင့်ကူညီပေးဖို့တောင်းဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။ <3


သောကြာ
28 ဧပြီ, 2017


face

OpenSUSE လို့ပြောလိုက်တာနဲ့ Linux Operating System တွေထဲကမှ RPM Based Operating System တစ်ခု၊ SUSE Enterprise Linux ရဲ့ Community Type လို့အများ ယေဘူယျသိကျပါတယ်။  Linux ကိုစမ်းသုံးချင်သူ တစ်ယောက် (သို့) Linux ချစ်သူတစ်ယောက် SUSE သုံးတော့မယ်ဆိုရင် SUSE ထဲက ဘယ် SUSE သုံးမှာလဲပေါ့။ ဒီအချက်က တကယ်တွေးစရာပါ။ ဘာလို့ဆို SUSE မှာ SLE 11, SLE 12, OpenSUSE Leap နဲ့ OpenSUSE Tumbleweed အစရှိသဖြင့်ကွဲသေးတာကိုး။

ဒီ ကျူတိုရီရယ်မှာ ကျွန်တော်ကတော့ OpenSUSE Leap 42.1 တင်ပြီးရင် ဘာတွေဆက်လုပ်သင့်လဲဆိုတာကို ရေးချင်ပါတယ်။ရေးတဲ့နေရာမှာလဲ How to တွေမရေးချင်ပါဘူး။ How to ဆိုတာ Google ရယ် Youtube ရယ်မှာ အပေါဆုံး စကားလုံးတွေလေ။

ကျွန်တော်ရေးချင်တာက ဘာလုပ်သင့်တယ်ဆိုတာကိုပါ။ ဘာလုပ်သင့်လဲသိဖို့ ကျွန်တော်တို့ Operating System တစ်ခုကို ဘယ်လိုနေရာတွေမှာ အသုံးများလဲ။ ဒါကိုလဲ ထည့်တွေးရပါမယ်။ များသောအားဖြင့် Word Processing, Media, Game, Developing နဲ့တခြား Network ပိုင်း စာစမ်းတာတွေ သုံးတာပေါ့နော်။   ဒီတော့ Linux အမျိုးအစား OS တွေမှာ OS သွင်းပြီးပြီးချင်းလုပ်သင့်တာကတော့ အပေါ်က အလုပ်တွေအတွက် လိုအပ်တဲ့ Tools တွေကို ခြုံငုံမိစေမယ့် Repository ထည့်တာပါပဲ။

1. Install Repository

Repository တွေကို ထည့်တာမှာလဲ။ နှစ်မျိုးထည့်လို့ရပါတယ်။ YaှST နဲ့ထည့်မလား။ Terminal ကထည့်မလားပေါ့။ အရင်ဆုံး YaST ကနေထည့်ကျရအောင်ပါ။ Dash မှာ YaST လို့ဖြစ်ဖြစ်၊ Software Repository လို့ဖြစ်ဖြစ်ရိုက်ထည့်လိုက်ပီး YaST ကိုခေါ်နိုင်ပါတယ်။

Refresh ပြီးသွားရင်တော့

ဒီနေရာမှာတော့ Software Repository ကိုနှိပ်ပါ။

ပြီးရင်ကျွန်တော်တို့က Website URL ကနေ Repo ထည့်မှာဖြစ်တာကြောင့် Specify URL ကိုနှိပ်ရမှာပါ။

ပြီးရင်တော့ Repository နာမည်နဲ့ address ကို ထည့်ပေးရမှာပါ။

ဒီအဆင့်ထိ ပြီးသွားရင် Next ကိုနှိပ်ပြီး ထွက်လိုက်လို့ရပါပြီ။

Note: Some repositories should not change unless you are intentionally doing it, like the official oss and non-oss.

ဒီတော့ ကျွန်တော်တို့ YaST ကနေထည့်တာ ပြီးပြီပေါ့ဗျာ။ Terminal ကနေသွားကြည့်ရအောင်ပါ။  ဒီတော့ SUSE Linux မှာ terminal ကနေ application တွေ repository တွေကို ဘယ် command နဲ့ထိန်းချုပ်ထားသလဲ။  Ubuntu မှာ apt-get နဲ့ dpkg တို့ ၊ Red Hat မှာ yum နဲ့ rpm တို့ နဲ့ပြုလုပ်ကျတယ်။ SUSE ကတော့ သူတို့နဲ့ကွဲပြားတယ်။  apt-get နဲ့ yum အစား “zypper” ဆိုတာလေးကိုသုံးပါတယ်။ .rpm ဖိုင်တွေကို တော့ rpm နဲ့ပဲ ထိန်းချုပ်လို့ရပါတယ်။

Syntax ကတော့:

# zypper ar -f <URL> <alias>
ar is short form of addrepo command
-f instruction to zypper to add autorefresh flag to newly added repo
<URL> is URL of the repo which you type in a browser to visit repo
<alias> is name that is easy to remember

ဒီတော့ Repository တွေကို ဘယ်မှာရှာရမလဲ။  Repository တစ်ခုထဲမှာ ဘယ် src တွေပါလဲ။ ဘယ်လိုသိနိုင်မလဲ။ Linux ပိုင်းမှာ How to သိနေရုံနဲ့ ဘာမှထူးမလာပါဘူး။ ဒါကြောင့် repository အကြောင်းလေး example လေးနဲ့ပြပါရစေ။

OpenSUSE ရဲ့ Repository တွေကိုတော့ http://download.opensuse.org/repositories/ မှာဝင်ကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ Virtualization Tool တစ်ခုဖြစ်တဲ့ Remote Box ပါတဲ့ Repository ရှာချင်တယ်ဆိုရင် http://download.opensuse.org/repositories/ အောက်မှာ Virtualization ဆိုတဲ့နာမည်နဲ့ Folder ရှိပါလိမ့်မယ်။ ပြီးရင် os-release ရှိပါလိမ့်မယ်။ ပြီးရင် ../src/ ထဲမှာ ပါဝင်တဲ့ Apps တွေ List လေးနဲ့ ရေးထားပါတယ်။

နောက်တစ်ခုနဲ့ထပ်ပြောရရင် ကျွန်တော် OS က gstreamer လိုနေတယ်လို့ Error တက်နေတယ်ဆိုပါစို့။ သူ့အတွက် Repository ရှာမယ်ဆိုရင် gstreamer က Multimedia ထဲကမှ Library အမျိုးအစား။  ဒီတော့ ဖြစ်နိုင်ချေရှိတာက multimedia Libs ထဲမယ်ရှိပါလိမ့်မယ်။  ဒီတော့ ကျွန်တော်ကတော့ အစ်ကိုတို့ အစ်မတို့အနေနဲ့ ကိုယ်လိုချင်တဲ့ apps ကို Repository ထဲက ကိုယ်တိုင်ရှာထည့်ပီး သုံးတာမျိုးကိုပဲ အားပေးပါတယ်။ ဒါဆို ကျွန်တော့်ကို Repository အကြောင်းလေး အဆုံးသတ်ခွင့်ပေးပါ။

2. Install VLC

နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ ထည့်သင့်တာ VLC.  သူကတော့ ဘယ် OS သုံး မပါမဖြစ် အကောင်လေး။  သူ့ကိုသွင်းတာကလဲ YaST ကနေ vlc လို့ရှာလို့ရသလို “sudo zypper install vlc vlc-codecs” ဆိုတဲ့ command လေးနက်လဲ သွင်းလို့ရပါတယ်။ ပြီးရင်တော့ Browser တစ်ခုခုသွင်းကျရအောင်ပါ။ Chromium ပေါ့။ ဘာလို့ဆို Firefox က Built-in ပါပြီးသားလေ။

3. Install Chrome

ပထမဆုံး Google ကနေ Key လေးတစ်ခုကို Wget ဆိုတဲ့ command လေးနဲ့ Download ဆွဲရအောင်ပါ။

wget https://dl.google.com/linux/linux_signing_key.pub

ပြီးရင်တော့ Google ကနေ ဒေါင်းလုပ်ထားတဲ့ကီးလေးကို import လုပ်ပေးပါ။

sudo rpm –import linux_signing_key.pub

ပြီးရင်တော့ ဒီ Link Google Chrome website လေးကနေ သက်ဆိုင်ရာ Architecture နက် .rpm ဖိုင်ကိုသာ ဒေါင်းလုပ်ဆွဲပြီးသွင်းလိုက်ပါ။

sudo zypper install googleblalbla.rpm ဖြစ်ဖြစ် sudo rpm -i googleblalbla.rpm ဖြစ်ဖြစ်နဲ့ သွင်းလိုက်ပါ။

4. Installing WinFF

နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့ Video Converter လေးတစ်ခု သွင်းရအောင်ပါ။  ဒီတစ်ခါ WinFF ကို Zypper တွေ YaST တွေနဲ့ မသွင်းတော့ပဲ SUSE Linux မှာသာ တွေ့ရတဲ့ One Click Installer ဆိုတဲ့ ဟာလေးနက် ကစ်ရအောင်ဗျာ။

Click Here.

ကလစ်လေးခေါက်ပြီး ကိုယ့် OS အမျိုးအစားကိုရွေးပြီး Download ချလိုက်ပါ။ ပြီးရင် .ymp ဖိုင်လေးကို Double Click သာခေါက်လိုက်ပါ။ လိုအပ်တဲ့ Repository တွေ၊ နဲ့လိုအပ်တာတွေကို သူ့ဘာသာ Automatically လုပ်သွားပါလိမ့်မယ်။

အာရုံစိုက်သင့်တာလေးတွေပါ။

  • Office အတွက် Libre Office Built-in ပါပါတယ်။
  • zypper update ကို တစ်လတစ်ခါလောက် run သင့်ပါတယ်။
  • Kernal Version ကိုလဲဖြစ်နိုင်ရင် upgrade လုပ်သင့်ပါတယ်။
  • GIMP လေးလဲသွင်းဖို့လိုအပ်ပါတယ်။
  • Web Developing သမားများလဲ Leap 42.1 မှာ Sublime Text ကို install ပြီး run မရပဲ portable အနေနဲ့သာရလို့ Sublime အစား Atom ဆိုတာလေး သုံးကြည့်ဖို့ တိုက်တွန်းပါရစေ။

ကျွန်တော်ရေးတာမှာ အမှားပါရင် ခွင့်လွှတ်ပေးစေလိုပါတယ်။ ကျွန်တော်က Geek တစ်ယောက်လဲမဟုတ်ပါဘူး။ သာမန်အလုပ်တစ်ဖက်နဲ့ကျောင်းတက်ရင်း ကိုယ်သိထားတာလေးကို မျှဝေဖို့ကြိုးစားနေတဲ့ ညီငယ်လေးဖြစ်တာမို့ ကျွန်တော်ရေးထားတာမှာ အာဘော်အရသော်၎င်း၊ Theory ပိုင်းသော် လည်းကောင်း မှားတာရှိရင်ထောက်ပြပေးစေချင်ပါတယ်။

  • Name: Hein Htet Kyaw
  • Email: webadmin@heinhtetkyaw.com
  • Web Developer@DedaaBox
  • Web Developer@MIF
  • Server Administrator@FullPercent
  • CEO@mm-Digital-Innovation
  • Member@OpenSUSE Myanmar
  • Ambassador@University of The People, California

အစစအရာရာအဆင်ပြေကျပါစေ။


အင်္ဂါ
25 ဧပြီ, 2017


face

Media Server ဆိုတော့ ကိုယ့်ကြည့်ချင်တဲ့ Movies, music, etc ကို အလွယ်တစ်ကူ ကြည့်လို့ရအောင် စီမံပေးနိုင်မဲ့ ဆာဗာလေးဆိုပါတော့ဗျာ။

ကောင်းကျိုးလေးတွေ ဘာရမလဲဆိုတော့ network တူအတွင်းဆို Media files တွေကို တစ်ခုတစ်စည်းထဲ ထားလို့ အဆင်ပြေမယ်။ လိုတဲ့အချိန် ကြည့်ရုံပဲပေါ့။ client-server စနစ်ဆိုတော့ Centralize လည်း ဖြစ်တယ်ပေါ့လေ။ plex မှာ အကောင့်ဖောက်လိုက်ရင် Port forward သွားပြီး အင်တာနက်ရတယ်ဆိုရင် laptop, Desktop, Android, iOS တို့ကနေလည်း လှမ်းကြည့်လို့ရနိုင်တယ်။

Install လုပ်ဖို့က လွယ်ပါတယ်။ အောက်က နည်းလမ်းအတိုင်းသာ လိုက်သွားလိုက်။

Plex Official လင့်ကနေ မိမိနဲ့ကိုက်ညီမယ့် installer လေး ဒေါင်းလိုက်။ ကျွန်တော်ကတော့ openSuSE 64 bit ဆိုတော့ rpm type 64 bit ထဲက တစ်ခုဒေါင်းလိုက်တယ်။

ရလာတဲ့ rpm ဖိုင်လေးကို package installer နဲ့ install လိုက်တယ်။ လိုအပ်တဲ့ Dependencies လေးတွေ အလိုလိုဆွဲသွားလိမ့်မယ်။

Install ကတော့ ပြီးသွားပါပြီ။ လွယ်တယ်လို့ ပြောတယ်လေ 😀

နောက်ထပ်ကတော့ Browser ကနေ local-ip:32400/web (or) 127.0.0.1:32400/web (or) localhost:32400/web ဆိုပြီးခေါ်လိုက်ပါ။ Library Add ပေးလိုက်ပေါ့။

တခြား Setting လေးတွေ လိုသလို ချိန်းပေးနိုင်ပါတယ် ခက်ခဲမှုမရှိတဲ့ အတွက် မပြောတော့ပါဘူး။

Outside Place( အင်တာနက်)ကနေ ခေါ်ဖို့ဆိုရင်တော့ Plex မှာ account ဖောက်ပြီး ထိုအကောင့်အသုံးပြုကာ ၀င်ရောက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Media Server လေး စမ်းသပ်တည်ဆောက်ပြီး အဆင်ပြေနိုင်ကြပါစေ။

By Nova


သောကြာ
14 ဧပြီ, 2017


face

Proxy ဆိုတာ computer system ဒါမှမဟုတ် computer application တစ်ခုပါဘဲ squid ကို unix နဲ့ linux platform တွေမှာ အသုံးများပါတယ်၊ squid proxy က web content တွေကို filter လုပ်ပေးတယ်၊ internet banwidth ကိုလဲသက်သာစေ ပါတယ်။ proxy server အသုံးပြုခြင်းဖြင့် အခြားများစွာ လုပ်ဆောင်နိုင်ပါသေးတယ် wiki မှာ လေ့လာနိုင်ပါသတည်။ အခုအပိုင်းလေးမှာတော့ squid proxy server အခြေခံ installation လုပ်နည်းလေးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

 

Installation Squid proxy server

Zypper in နဲ့ squid ကို install လုပ်ပါ


Configure လုပ်ရန် etc/squid အောက်သို့ဝင်ပါ

Squid.conf ထဲတွင် squid proxy ကို configure လုပ်ပါ

 

Squid ကို restart ချပါ

အောက်ပါအတိုင်း active running မြင်ရပါက Squid proxy server စတင် အသုံးပြုလို့ရပါပြီ

 

Client Side

အသုံးပြုမယ့် Client အနေနဲ့

Firefox setting >>advance>>network ထဲက manual proxy configuration ထဲမှာ Proxy Server IP ထည့်ပါ

 

Proxy အလုပ် လုပ်လားသိချင်လို့ google ကိုခေါ်ကြည်.ပါ

 

Proxy Server အနေနဲ့လည်း မည်သည့် Client များ အသုံးပြုနေသည်ကို Access log တွေကို taul –f /var/log/squid/access.log တွေမှာ တွေနိုင်ပါတယ်

နောက်ထပ် Proxy Setting များကိုလည်း ဆက်လက်ရေးသားပါအုံးမယ်၊ ဆွေးနွေးထောက်ပြမှုများကိုလည်း ဖိတ်ခေါ်ပါတယ်။

By Si Thu Hein


စနေ
08 ဧပြီ, 2017


face

Web Server အကြောင်းကို အရင်ဆုံးနားလည်အောင်ပြောရမယ်ဆိုရင် Web Server မှာ Web Object များကိုသိမ်းဆည်းပေးထားပြီး Client တွေကတောင်းဆိုလာတဲ့ တနည်းအားဖြင့် Request လုပ်လာတဲ့ HTTP Object များကို ပြန်လည်၍ ဖန်းတီးပေးခြင်းကို ပြုလုပ်ပေးပါတယ်။ အကယ်၍ မိမိ၏ Network အတွင်း၌ Web Server ကိုထည့်သွင်းထားပါက ၄င်း Sever အတွင်းရှိ Web Object များကို ပြင်ပ Network ရှိ User များနှင့် မိမိ Network အတွင်းရှိ User ၏ Web Agent ဖြစ်သော Browser များမှ တဆင့် Request လုပ်လိုက်သော HTTP Object များကို ပြန်လည်၍ ဖန်တီးပေးမှာပဲဖြစ်ပါတယ်။

လွယ်လွယ်နဲ့ရှင်းရှင်းပြောရရင်တော့ www.opensusemm.com ဆိုတဲ့ domain name နဲ့ Website တစ်ခုကို မိမိ web server ထဲမှာ

 ထည့်ပြီး တည်ဆောက်ထားမယ်ဆိုရင် တခြား Network တူ user တွေကနေ ခေါ်ကြည့် လို့ရအောင် မိမိ Website ကိုတည်ဆောက်ပြီး

Public ပြုလုပ်ဖို့ရာအတွက်အခြေခံသဘောတရားတွေပဲဖြစ်ပါတယ်။

Step 1: Update Software for openSUSE Leap 42.2

ပထမဆုံးအနေနဲ့ Opensuse 42.2 မှာပါတဲ့ Software တွေကိုတင်ပြီးတာနဲ့ Update ပေးဖို့လို ပါတယ်။ Software Update ပေးဖို့အတွက် –

 #zypper update

ဆိုတဲ့ command အတိုင်းသာ update ပေးလိုက်ပါ။

 

 

Step 2: Install Apache Web Server


Apache Web Server ကို နောက်တဆင့်အနေနဲ့ install လုပ်ရပါမယ်။ Command အနေနဲ့ကတော့ –

 #zypper install apache2


 

အထက်က command အတိုင်းရိုက်ပြီးသွားရင်တော့ auto install လုပ်သွားပါလိမ့်မယ်။ Install လုပ်တာပြီးသွားပြီဆိုတာနဲ့ အောက်က command အတိုင်းရိုက်ပြီး apache2 service ကို Start လုပ်ပေးရပါမယ်။

#systemctl start apache2


နောက်ထပ်အနေနဲ့ boot တက်လာတိုင်း apache2 service auto start ဖြစ်အောင် အောက်ပါ command အတိုင်းရိုက်လိုက်ပါ။

#systemctl enable apache2

အပေါ်ကအဆင့်တွေကို ပြီးသွားရင်တော့ apache2 service က active ဖြစ်/မဖြစ် ဘယ်လို error တွေရှိနေသလား? ဆိုတာတွေကို check လုပ်ဖို့အတွက် အောက်က command အတိုင်း ရိုက်ပေးရပါမယ်။

#systemctl status apache2


အပေါ်မှာပြထားတဲ့အတိုင်း apache2 service က active running ဖြစ်နေပြီဆိုရင်တော့ apache2 install ပြုလုပ်တဲ့အပိုင်းပြီးပါပီ။pache2 installation အပိုင်းသွားပြီဆိုရင် HTTP အတွက် firewall rule ကို သွားပြင်ပေးရမှာဖြစ်ပါတယ်။

#vi /etc/sysconfig/SuSEfirewall2

ကိုသွားပြီးတော့ SuSEfirewall2 ထဲက

 FW_CONFIGURAION_EXT=”apache2 ”

apache2 ဆိုတာလေး ထည့်ပေးလိုက်ပါ။

ထည့်ပြီးသွားပြီဆိုရင်တော့ Save လုပ်ပြီးထွက်လိုက်ပါ။
ပြီးရင် SuSEfirewall2 ကို

#systemctl restart SuSEfirewall2

ဆိုပြီး Restart ပေးလိုက်ပါ။
နောက်ထပ်

#chown wwwrun /srv/www/htdocs/ -R

အတိုင်း wwwrun ဆိုတဲ့ (Apache User) Owner change ပေးရမှာဖြစ်ပါတယ်။

SETP3: Install Mysql Database

Apache2 ပြီးတော့ နောက်ထပ် တစ်ခုဖြစ်တဲ့ mariadb install လုပ်တဲ့အပိုင်းကို ဆက်ပြောပြပေးပါ့မယ်
ပထမဆုံးအဆင့်အနေနဲ့ကတော့ mariadb mariadb-client mariadb-tools စတာတွေကို install လုပ်ပေးရပါမယ် အဲ့ဒီအတွက်တော့

#zypper install mariadb mariadb-client mariadb-tools


ဆိုတဲ့ command အတိုင်းပြုလုပ်ပေးရပါမယ်။

Install ပြီးသွားပြီဆိုတာနဲ့

#systemctl start mysql

Command နဲ့ Start ပြုလုပ်ရမှာဖြစ်ပြီးတော့
Boot time တိုင်းမှာ auto start ဖြစ်နေဖို့အတွက် တော့

#systemctl enable mysql

ဆိုပြီး ရိုက်ပေးရပါမယ်
ပြီးတာနဲ့ မိမိ install ပြုလုပ်ထားတဲ့ mysql ရဲ့အခြေအနေကို

#systemctl status mysql

ဆိုပြီး ခေါ်ကြည့်လိုက်ပါ အောက်ကအတိုင်း active running ဖြစ်နေပြီဆိုရင်တော့ mysql installation အပိုင်းပြီးပါပီ

နောက်ထပ်အနေနဲ့ကျန်နေတာကတော့ Configuration အပိုင်းပါ
မိမိက mysql ကို install ပဲပြုလုပ်ထားတာဖြစ်ပြီးတော့ အသက်မသွင်းရသေးပါဘူး
Mysql ကို အသက်သွင်းဖို့အတွက်

#mysql –u root

ဆိုပြီး တော့ MariaDB ထဲကို Login ၀င်ဖို့ အတွက် password setup ထပ်မံပြုလုပ်ပေးရမှာဖြစ်ပါတယ်။
အဲဒီတော့ MariaDB ထဲကို Login ၀င်ဖို့အတွက် user ကတော့ root user နဲ့ဝင်မှာဖြစ်ပြီး Password ကတော့ မပေးထားရသေးပါဘူး။
MariDB Login ကို password setup လုပ်ဖို့အတွက်

#mysql_secure_installation

ဆိုတဲ့ command ကိုသုံးပါမယ်။  ပြီးရင်တော့ Enter လို့ပြထားတဲ့နေရာတွေမှာ ဘာမှရိုက်စရာမလိုပဲ Enter ပဲနှိပ်လိုက်ပါ ပြီးရင်တော့
New Password ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီနေရာမှာတော့ မိမိထည့်ချင်တဲ့ new password ကို setup လုပ်ရမှာပဲဖြစ်ပါတယ်။
နောက်ထပ် အဆင့်တွေကိုတော့ ဒီတိုင်း သာ Enter နဲ့ဆက်သွားလိုက်ပါ။
MariaDB New Password Setup လုပ်ပြီးပြီဆိုရင် MariaDB ထဲကို Login ပြုလုပ်ပါ့မယ်
အဲဒီအတွက် တော့

#mysql –u root –p

ဆိုပြီးရိုက်လိုက်ပါ အဲဒါဆိုရင် MariaDB ကို အသုံးပြုဖို့အတွက် Login ၀င်ရမယ့်နေရာကနေတဆင့် ၀င်လို့ရပါပီ။

Step 4: Install PHP7

 #zypper install php7 php7-mysql apache2-mod_php7


ဆိုပြီး php7 ကို install လိုက်ပါ

Install ပြီးပြီဆိုရင်တော့ PHP Module ကို enable ပေးပြီး Apache Web Server ကို Restart လုပ်လိုက်ပါ
Command တွေကို တော့အောက်ကအတိုင်းရိုက်လိုက်ရုံပါပဲ-

  #a2enmod php7
  #systemctl restart apache2

Step 5: Test PHP

PHP ကို Install ပြီးသွားတော့ ကိုယ် Install လုပ်ထားတဲ့ PHP ကို အလုပ် လုပ်/မလုပ် သိဖို့အတွက်
Test ပြုလုပ်ကြည့်ရအောင်
အဲ့တော့

#vi /srv/www/htdocs/test.php

ဆိုပြီး /srv/www/htdocs/ အောက်မှာ php ဖိုင်လေးတစ်ဖိုင်ဆောက်ပြီး အဲ့ဒီ php ဖိုင်ထဲကို
ဒီ ကုဒ်လေးထည့်ပြီး စမ်းကြည့်လိုက်မယ်

<?php phpinfo (); ?>

ကုဒ်လေးကို ရေးပြီးပြီဆိုရင်တော့
Localhost/test.php ဆိုပြီး Browser ကနေခေါ်ကြည့်ရအောင်

အပေါ်ကပုံအတိုင်း ပေါ်လာတယ်ဆိုရင်တော့ Install လုပ်ထားတဲ့ PHP ဟာ အလုပ်လုပ်နေပါပီ။

STEP 6: Install phpMyadmin (Optional)

#zypper install phpMyAdmin

ဆိုပြီး phpMyAdmin ကို Install လုပ်ပေးလိုက်ပါ
Install ပြီးပြီဆိုတာနဲ့ Apache2 ကို ထပ်ပြီး restart လုပ်ပေးလိုက်ပါအုံး

#systemctl restart apache2

Apache 2 ကို restart လုပ်ပြီးပြီဆိုရင်
မိမိရဲ့ IP address/phpMyAdmin သို့မဟုတ် localhost/phpMyAdmin ဆိုပြီး

Example:
  192.168.1.100/phpMyAdmin
  Or
  Localhost/phpMyAdmin

Browser ကနေခေါ်လိုက်ရင် phpMyAdmin ရဲ့ Login page ကိုရောက်သွားပါလိမ့်မယ်
အဲ့ဒီ Login မှာ mysql မှာတုန်းက setup လုပ်ခဲ့တဲ့ root user နဲ့ ၎င်းရဲ့ password ကိုဖြည့်သွင်းပြီး

phpMyAdmin မှာ Data တွေစသွင်းလို့ရပါပီ ။
ကဲဒါဆိုရင် openSUSE Leap 42.2 မှာ LAMP ကို install ပြုလုပ်တာကို နားလည်လိမ့်မယ်လို့ထင်ပါတယ်။


ဒီတိုင်း ပေါ်လာပြီဆိုရင်တော့ MariaDB root password ထည့်ပြီး phpMyAdmin ထဲကို ၀င်လို့ရပါပီ။
ဒါဆိုရင်တော့ OpenSUSE 42.2 မှာ LAMP Install လုပ်တာ အောင်မြင်ပါပီ။
အောင်မြင်ပြီဆိုတာနဲ့ သင့်ရဲ့ Server ထဲမှာ Web ကို ကိုယ်တိုင်တည်ဆောက်ပြီး local website လေးလုပ်ကြည့်နိုင်ပါတယ်။

 

by: Danieal Phyo


ဗုဒ္ဓဟူး
05 ဧပြီ, 2017


face

 

DNS (Domain name System)

DNS ဆိုတာ IP တွေ Name ချိန်းပေးတဲ့ စနစ်လို့ အလွယ်ပြောလို့ရပါတယ်…

  • ဟုတ်ကဲ့ IP တွေကို ဘာလို့ Name တွေ change စရာလိုတာလဲ.. ဒီတိုင်းထားလို့ မရနိုင်ဘူးလား ?
  • အာ့လို မေးလာခဲ့ရင်တော့ ရပါတယ်လို့ ဖြေရမှာပါ…
  • (ဟုတ်တယ်လေ ရနေတာပဲကိုး)
  • ဒါဆို ဒီအတိုင်းထားလိုက်ပါလားဗျာ ဘာလို့ change နေတာလဲ
  • Change စရာလိုလို့ပေါ့ဗျာ …
  • ဟာ စောစောက ပြောတော့ Change စရာ မလိုဖူးဆို :3
  • ခုတော့ ချိန်းစရာ လိုပြန်ပီတဲ့ (ရှုပ်နေတာပဲ)

ဒီလိုဗျ ဥပမာ ဗျာ လူတွေကို နာမည် မပေးပဲနဲ့ Number တွေနဲ့ သတ်မှတ်မယ် ခေါ်မယ် ဆိုပါဆို့….

အစ်ကို ၁ အစ်မ ၂ ပေါ့ဗျာ (တရုတ်သိုင်းကားတွေထဲကလိုပဲ)

အဲ နည်းရင်တော့ ဦးနှောက်က မှတ်မိနိုင်သေးတယ်ဗျ …. မှတ်လို့ရသေးတယ် အရမ်းများလာရင် Number နဲ့ မှတ်ဖို့က အဆင်မပြေတော့ဘူးလေ

“အစ်ကို (၁ သိန်း ၂သောင်း ၅/ ”120005”) ရေ ဒါလေးလုပ်ပေးပါဦး”

ခေါ်ရတာ ခက်တဲ့အပြင် မှတ်မိဖို့လဲ မလွယ်ဖူးလေ (ကိုသာဂိဆို ခေါ်လို့လဲကောင်း) ခေါ်ရတာလဲ လွယ်တန်းလဲ သိတယ်လေ 😛

အဲ့လိုပဲ Network ပေါ်မှာ ရှိတဲ့ IP တွေကို domain name နဲ့ ခေါ်ရင် မှတ်မိလွယ်ပီး IP နဲ့ဆို ခေါ်ရတာက ကိစ္စ မရှိဖူး မှတ်မိဖို့က တော်တော်ခက်တယ်ဗျ။

(www.facebook.com) လို့ခေါ်တာနဲ့ သူ့ရဲ့ IP address ဖြစ်တဲ့ 31.13.78.35 ဆိုရင် facebook.com ကိုပဲ မှတ်မိလွယ်တယ်လေဗျာ (ကျွန်တော့်လို Number မမှတ်တတ်တဲ့ သူဆိုရင် ပိုစိုးပီ အမြဲတမ်း ရှေ့နောက်လွဲတယ် )

အဲ့တာနဲ့ပဲ IP တွေကို Domain name change ပေးမယ့် System ကို DNS Server (Domain Name System/Service) အသုံးပြုရခြင်းဖြစ်ပါတယ် 😀

ကျွန်တော် ခု Open SUSE Linux 42.1 x64 ပေါ်မှာ DNS Server Installation & Configuration ပြုလုပ်ပုံကို ပုံနှင့်တကွ ပြောပြပေးသွားပါ့မယ်ဗျ

DNS Server (အတွက် BIND) ဆိုတဲ့ package file ကို terminal မှာ ခုလိုရိုက်လိုက်ပါ

#zypper install bind* လို့ရိုက်ပါ

named.conf file ကို configuration ပြုလုပ်ရန် text editor တစ်ခုခုဖြင့် ဖွင့်လိုက်ပါ။ ကျွန်တော်ကတော့ Default ပါတဲ့ vi editor လေးသုံးထားပါ။

#vi /etc/named.conf

named.conf ထဲမှာ အောက်ပါအတိုင်း ပြုလုပ်ပါ

line no. 54 တွင် forwarders ကို ထွက်လိုသည့် DNS ထည့်ပေးရပါမယ်…

ကျွန်တော်ကတော့် YTP ရဲ့ DNS ဖြစ်တဲ့ 10.10.10.10 ကို ထည့်ပေးထားပါတယ်…

forwarders {10.10.10.10; };

forwarders ရှေ့မှာ ရှိတဲ့ # sign ဖြုတ်တာကိုတော့ ပုံနဲ့ မပြတော့ဖူးနော် # sign ဖြုတ်ပြီးသားကိုပဲ screen shot ပြလိုက်ပါတယ် ။ မလိုအပ်ပဲ photos တွေအရမ်းများနေမှာဆိုးလို့ပါ …

ပြီးလျှင် Line 67 မှ

listen-on port 53 {127.0.0.1; 192.168.1.54; };

Underline တားထားတာက ကိုယ့် Linux server IP ပါ …

ဒီနေရာမှ ၁ ခုပြောချင်တာကိုတော့ DNS ကို Local Network မှာ အသုံးပြုချင်ရင်တော့ IP Address ကို static IP ပေးထားဖို့လိုပါတယ် … DHCP က ရတဲ့ IP ဆိုရင် configuration file တွေမှာ IP တွေ ခဏခဏ ပြန်ပြောင်းပေးရရင် ဘယ်အဆင်ပြေမလဲဗျာ နော် 

Allow-query မှာ အောက်ပါ အတိုင်းပြင်လိုက်ပါ…

allow-query {127.0.0.1;192.168.1.0/24; };

ကဲ အရေးကြီးတဲ့ အပိုင်း ရောက်လာပီ 

အဲ့တာ ဘာလဲ ဆိုတော့ zone file ဆောက်ဖို့ဗျ

Zone file တွေကို အရင်မဆောက်ခင် ဒီ named.conf file ထဲမှာ ကိုပြုလုပ်မည့် zone file တွေကို ထည့်ခဲ့မယ်ဗျာ … အဲ့မှာ မှားတတ်တာ ၁ ခုရှိတယ် ဘာလဲဆိုတော့ ကိုဆောက်ထားတဲ့ zone file နဲ့ named.conf ထဲမှာ ကြေငြာခဲ့တဲ့ zone file နာမည်တွေတူဖို့ လိုမယ်နော် …. (ကျွန်တော်လဲ ၁ခါ ၁လေ မှားတတ်လို့ သတိကြိုပေးထားတာ )

zonemrsurf.edu” {

type master;

file “master/mrsurf.zone”;

};

zone54.1.168.192.in-addr.arpa” {

type master;

file “master/192.168.1.54.zone”;

};

ပီးရင်တော့ Esc ကိုနှိပ်

:wq လို့ save ပြီး ထွက်လိုက်ယုံပါပဲဗျာ… ( for vi users )

Named.conf file ကို configure ပြုလုပ်လို့ပြီးပါပီ

 

#vi /etc/resolv.conf

 

#touch /var/lib/named/master/192.168.1.54.zone

#vi /var/lib/named/master/192.168.1.54.zone

 

#touch /var/lib/named/master/mrsurf.zone

#vi /var/lib/named/master/mrsurf.zone

 

#service named start

#service named status

Active running ဖြစ်နေရင်တော့ DNS Server configuration အောင်မြင်စွာ ပြီးဆုံးပါပီဗျာ

 

Gotcha….

 

By Mr.Surf ( openSuSE Myanmar Team )

Thanks for reading…

www.facebook.com/yelinn.info

yelinn.info@gmail.com

စာကျွင်း ကျွန်တော် slave zone တည်ဆောက်ခြင်းနဲ့ configuration အပိုင်းကို ချန်လှပ်ထားခဲ့ပါတယ်။ လိုအပ်သည်များကို ဆွေးနွေးအကြံပြုနိုင်ပါတယ် ခင်ဗျာ။


သောကြာ
17 မတ်, 2017


face

ရုံး၊ ဌာနတစ်ခုအတွင်းဖြစ်စေ၊ သင်တန်းအတွင်းဖြစ်စေ၊ local network အသေးလေးဖြစ်စေ၊ Internet အတွင်းဖြစ်ဖြစ် ကျွန်တော်တို့ File များကို တစ်နေရာထဲ Centrilize ထားပြီး မျှဝေသုံးစွဲချင်တဲ့ အခါ File sharing အတွက် FTP server အကြောင်းလေးပါ။

File တွေကို transfer/share လုပ်ဖို့အတွက်ဆို FTP Server ကို အသုံးများပါတယ်။ ဘာကြောင့် အသုံးများလဲဆိုရင် မည်သည့် OS မဆို အပြန်အလှန် လွယ်ကူစွာ Transfer လုပ်နိုင်တဲ့ အပြင် နောက်ပိုင်း security ပိုင်း တိုးမြှင့်ထားတဲ့အတွက် အတန်အသင့် စိတ်ချစွာ အသုံးပြုနိုင်သောကြောင့် ဖြစ်ပါတယ်။

FTP ( File Transfer Protocol ) ဟာ software starndard ဖြစ်တဲ့ 8 bit client/server protocol တစ်ခုပြီး TCP ပေါ်မှာ အလုပ်လုပ်တာ ဖြစ်ပါတယ်။ Default Listen Port ကတော့ 21 ဖြစ်ပါတယ်။

Network ပေါ်မှာ Data တွေ transfer လုပ်ဖို့အတွက်ကတော့

  1. ASCII mode
  2. Binary mode

ဆိုပြီး နှစ်မျိုးအသုံးပြုနိုင်ပါတယ်။

Linux အတွက်ကတော့ vsftpd ( very secure file transfer protocol daemon ) ကို အသုံးပြုပြီး server တည်ဆောက်ပါတယ်။ မြန်ဆန်မှုကောင်းတဲ့အပြင် လုံခြုံရေးအပိုင်း ပိုမိုစိတ်ချရသော FTP server တစ်ခု ဖြစ်ပါတယ်။

Installation Steps

Step 1.

 

Step 2.

FTP server starting လုပ်ပြီး Boot တက်တိုင်း Run နေအောင်ပါ။

 

Step 3.

FTP server လေး ကောင်းကောင်း run နေရင် အဆင်ပြေပါပြီ။

 

FTP server ပေါ်က share ချင်တဲ့ Data အားလုံးကို /srv/ftp  အောက်မှာ သွားထည့်ပေးရမှာ ဖြစ်ပါတယ်။

 

FTP Clients

ftp server ကို အသုံးပြုနိုင်ရန်အတွက် Linux/window မှာပါ support ပေးတဲ့ ftp ဆိုတဲ့ command ကို အသုံးပြုပြီး ၀င်ရောက်နိုင်ပါတယ်။

ကျွန်တော်တို့ anonymous user ကို Yes ပေးခဲ့မယ်ဆိုရင်

#ftp 192.168.20.4

ဆိုပြီးခေါ် name မှာ anonymous ဆိုပြီးဝင် password မှာ enter ခေါက်လိုက်ယုံနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ဒီလို command ကနေ ၀င်သုံးခြင်းဖြင့် ftp server မှာ upload ကဲ့သို့သော function များကို လုပ်ဆောင်နိုင်ပါတယ်။ နောက်ထပ် ftp client အနေနဲ့ကတော့ Browser ကနေ အထက်ပါ ပုံအတိုင်း တန်းဝင်ပြီး မိမိလိုအပ်သော ဖိုင်များကို ဖွင်ကြည့်နိုင်ခြင်း Download လုပ်နိုင်ခြင်းများကို ပြုနိုင်ပါတယ်။ Browser ကို client အနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ ftp command များကို လုပ်ဆောင်နိုင်ခြင်း ရှိတောမှာ မဟုတ်ပါဘူး။

FTP Commands


FTP client အနေနဲ့ အသုံးအများဆုံးတစ်ခုကတော့ Filezilla GUI tool ပါ။ လွယ်ကူစွာ အသုံးပြုသော tool တစ်ခုဖြစ်ပါတယ်။

FileZilla Download   https://filezilla-project.org/download.php

FTP Server နဲ့ တွဲသိသင့်တဲ့ နောက်တစ်ခုကတော့ wget Command ပါ။

wget က FTP, HTTP, HTTPS protocol အသုံးပြုထားတဲ့ ဖိုင်အားလုံးကို Download လုပ်ဆောင်နိုင်တဲ့ non-interactive shell တစ်ခုပါ။

Download Via FTP

$wget http://www.download.com/file.tar.gz

$wget ftp://www.download.com/file.tar.gz

 

wget Resume Download

$wget –c ftp://www.download.com/suse.iso

 

wget download entire contents

$wget –r –l 0 http://www.download.com

 

FTP server လေးထောင်ပြီး အားလုံးအဆင်ပြေကြပါစေ… အကြံဥာဏ်များပေးနိုင်သလို အမှားများပါရင်လည်း ဝေဖန်ထောက်ပြပေးဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။

By Nova

Source : opensuse official guide, google

Older blog entries ->